
မိုးစက်လေးတွေကို မြင်ရတဲ့အခါ
နွေးထွေးမှုပေးခဲ့တဲ့
လက်တစ်စုံကို ...... လွမ်းမိတယ် .... ။
မိုးစက်မှုန်လေးတွေနဲ့ ထိမိတဲ့အခါ
ရင်တွေတုန်သွားရတဲ့
ပွေ့ဖက်မှုကို .... တမ်းတမိတယ် ... ။
မိုးရေတွေကို ကြည့်မိတဲ့အခါ
လွမ်းဆွတ်မှုကိုဖြစ်စေခဲ့တဲ့
ချစ်သူကောင်လေး တစ်ယောက်ကို ... သတိရမိနေတယ် ....။
ဘယ်လောက်ပဲ ... ပူဆွေးရပစေ ..
ဘယ်လောက်ပဲ .... ညှိုးနွမ်းရပစေ ...
ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့
မိုးရေတွေရဲ့အောက်မှာ
လက်နွေးနွေးတစ်စုံကို တွဲဆုပ်လို့
လမ်းလျှောက်ခွင့်တော့ လိုချင်မိသေးတယ် ... ။
No comments:
Post a Comment