ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး။ မြန်မာအိုင်တီမှာ တွေ့မိတာ။
အချစ် ဆိုတာ အလွမ်းလား
အလွမ်းဆိုတာ အချစ်ရှိမှ ဖြစ်သလား
အချစ်မရှိဘဲနဲ့ ဖြစ်သလား
အချစ် နဲ့ အလွမ်း အတူတူ ဖြစ်သလား ..... တဲ့
ကိုယ့်အမြင်ကတော့လေ ...
အလွမ်းဆိုတာ အချစ်ရဲ့ ထပ်ကိန်းတစ်ခုပဲ
အချစ်ဆိုတဲ့ ဘေ့စ်မရှိဘဲ အလွမ်းဆိုတဲ့ ထပ်ကိန်းကို တင်လို့မရဘူးလို့ယူဆတယ်
ဒါကြောင့် ......
အချစ်ဆိုတာ အလွမ်းမဟုတ်ပါ။
အလွမ်းဆိုတာ အချစ်ရှိမှ ဖြစ်နိုင်တာပါ။
အချစ်မရှိဘဲ အလွမ်းမဖြစ်နိုင်ပါ။
အချစ် နဲ့ အလွမ်း အတူတူတော့မဖြစ်ပါ။
တစ်ဆင့်ပြီးမှ တစ်ဆင့်ဖြစ်ပါတယ် .... လို့
ကိုယ် ဖြေရင် ... သူငယ်ချင်းတို့
ဘယ်လိုယူဆမလည်းဟင် ....
မီးမီးက ကလေးလေးဆိုတော့ မသိလို့ အားကိုတကြီးမေးလိုက်တာပါနော်....

ဒီလိုတော့ လုပ်နဲ့နော် ....
No comments:
Post a Comment