Wednesday, May 20, 2009
ကျွန်မအကြောင်း တစေ့တစောင်း
နာမည်ကတော့ အတိုကောက် ကေကေ ပေါ့လေ..။ ချန်ကာပူဆိုတဲ့ မြို့ကြီးမှာ အလုပ်တစ်ခု လုပ်မဟဲ့ဆိုပီး ရွာကနေ တက်လာတာ... အလုပ်မရသေးတာနဲ့ပဲ ကျောင်းပြေးတက်ပီး ယောင်လည်လည် ဖြစ်နေတဲ့သူပါ။ ကျောင်းတက်နေခင်စပ်ကြား အချိန်အားကလည်း များသမို့ ဟိုဘလောခ့်လည်လိုက်။ ဒီဘလောခ့်က ချက်တာလေးတွေ ငမ်းလိုက်နဲ့ပဲ ချန်ကာပူမှာ ပိုက်ဆံတွေ သုံးနေသူပေါ့.. (ဟီး .... ဒို့ရွာမှာတော့ ဒို့က သူဋ္ဌေးပါ)။ ခုအရွယ်ရောက်ပီမို့ လောက်လောက်လားလား ရည်းစားတယောက်တော့ ဖြစ်ဖြစ်မြောက်မြောက် ရှိပါတယ်...။ မရောက်ခင်တုန်းကတော့ ချန်ကာပူကို တကယ်ကို မလာချင်ပါဘူး..။ ဒီရောက်တော့ မီးကလည်း တစ်နေကုန်လာ .. ။ အဲတော့ မီးဖွင့်မိရော... ။ အိုး မီးဖွင့်ထားတော့ အိုက်လိုက်တာကလွန်ရော... တကယ်..တကယ်..။ ကျွန်မတို့ဆီမှာက ကောင်းတယ်လေ။ မီးကို အချိန်နှင့်ပေးဆိုတော့ စည်းကမ်းတကျအင်မတန်ရှိတာကလား။ မလာတော့ မဖွင့်မိဘူး။ ဟော .. အဲတော့ .... သဘာဝလေလေးနဲ့ နေလို့အလွန်ကောင်း... ။ (ဒါဆို ရွာပြန်လို့တော့ မပြောနဲ့နော်... ) ဒီမှာ ချစ်ဆုံးရှိတော့ မပြန်နိုင်သေးဘူးတော်ရေ့။ ဟီး ... အဲလိုလေး ... ပြန်ဖာထားမှဖြစ်မယ်....။ ကျွန်မရဲ့ဘလောခ့်မှာတော့ ဘာသာရေးအနည်းငယ်...။ ချစ်မှုချစ်ရာအနည်းငယ်...။ ဟင်းချက်နည်းအနည်းငယ်...။ ကဗျာအနည်းငယ်...။ ကာတွန်းအနည်းငယ်...။ ဟာသအနည်းငယ်....။ ဘာသာပြန်ကမောက်ကမအနည်းငယ်..။ အားလုံး အားလုံး ရသစုံကို အနည်းငယ်စီပေးဖို့ မျှော်လင့်ထားပါတယ်...။ ဘာလို့ အနည်းငယ်စီ ဖြစ်နေရလည်းဆိုတော့ကာ... ကျွန်မသိတာကလည်း အနည်းငယ်မို့ပါ...။ မျှော်လင့်သောနေ့ .. ဆိုတာရဲ့ အဓိပ္ပါယ်ကတော့ .... ကျွန်မဖြစ်ချင်တာတွေ ... ဖြစ်လာမဲ့နေ့တစ်နေ့ကို .. မျှော်လင့်နေတယ်ဆိုတာ... အမှတ်ရအောင်လို့ပါ...။ ဘလောခ့်ရပ်ဝန်းမှ မောင်နှမများ နွေးထွေးစွာကြိုဆိုကြမယ်လို့ မျှော်လင့်မိပါကြောင်း...။ နားမလည်သည်များကိုလည်း သေချာရှင်းလင်းညွှန်ပြကြမည်ဟု မျှော်လင့်မိပါကြောင်း...။ ကြောင်း .. ကြောင်း ....။
6 comments:
  1. ကြိုဆိုပါတယ် ညီမ ရေ.
    ညီမဖြစ်မယ်ပဲထင်ပါတယ်.း)
    I was born in 1971. :D
    Be happy,
    WWKM
    ReplyDelete
  2. ကြိုဆိုပါတယ်
    ဘလော့ဂ် နာမည်လေး
    ကောင်းပါတယ်
    မျှော်လင့်သောနေ့ လေး
    တစ်နေ့ ကို
    ပိုင်ဆိုင်ရသူဖြစ်ပါစေဗျာ။
    ReplyDelete
  3. ကေကေ.. ရယ်ရတယ်၊ ချစ်ဆုံးရှိသွားတော့ ရွာမပြန်ချင်တော့ဘူးဆိုလို့ တရားကျသွားတယ်..
    စတာပါ၊
    ReplyDelete
  4. ကေကေရေ ရောက်လာပါတရ် ။ အားလုံးက ၀မ်းပန်းတသာနဲ့ကြိုဆိုကြောင်း ဟောင်းဟောင်းဟောင်းလောင်း ...
    (ကိုရဲ)
    ReplyDelete
  5. ကြိုဆိုပါတယ် ညီမလေး ... အခက်အခဲရှိရင်ပြောပါ..
    (ဘာရယ်ဟုတ်ဘူး လူရှိန်တပေါ. )...စတာပါ
    ကဲ ညီမ ရေ အားပေးနေပါတယ်ဗျာ
    ReplyDelete
  6. ကိုလူထွေးလဲ သိပ်မဟောင်းသေးပါဘူး...
    မတ်လကုန်လောက်ကစတယ်...
    နောက်လဲ လာလည်မယ်...
    အခုတော့ နဲနဲပါးပါး မန့် သွားတယ်
    ReplyDelete