အရင်ကဆိုရင်
လှပဖို့ကို စိတ်မ၀င်စား
ကပိုကရို ဖိုသီဖတ်သီနဲ့
နေချင်သလို နေတတ်တဲ့ ကျွန်မပေါ့....။
သူနဲ့
မျက်လုံးချင်းစကားပြောပီးတဲ့နောက်
သူ့ရှေ့ရောက်ရင်
ဟန်မူပို ရှက်သွေးတွေကြွယ်ခဲ့ရတာလည်း
ကျွန်မပဲလေ...။
သူ့ရှေ့မှာလှချင်တဲ့စိတ်
သူ့မျက်ဝန်းထဲမှာ အဆင်ပြေချင်တဲ့စိတ်
သူ့မျက်ဝန်းထဲမှာ ချစ်ဖို့ကောင်းစေချင်တဲ့စိတ်
စိတ်ပေါင်းများစွာနဲ့
အလုပ်တွေရှုပ်ခဲ့ရတာလည်း...
ကျွန်မပါပဲလေ...။
ခုအချိန်မှာတော့
အစဉ်အမြဲ အချိုးတကျ
သပ်ရပ်ကျော့ရှင်း
ချစ်ဖွယ်ဟန်မူတစ်သင်းနဲ့
လူအသစ်ဖြစ်လာတဲ့ ကျွန်မကို
တွေ့သူတိုင်းကရော
ခင်သူတိုင်းကပါ.. စကြတယ်...
သိပ် ..သိပ်ကို လှချင်နေပါလားတဲ့....။
Friday, May 22, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment