သိကြလား .. မသိကြလားတော့ မသိပါဘူး။ အဲ .. ရေးရင်းနဲ့ ရှုပ်ကုန်ပီ။ ရှင်းရရင်တော့ ချစ်ဆုံး (ဒါကတော့ ကြွားတာပါ... :P) လိုက်ပို့လို့ Srilanka Buddhit Temple ဆိုတာကို တစ်နေ့ရောက်သွားခဲ့ပါတယ်..။ အင်မတန် ကြည်ညိုစရာ လျောင်းတော်မူရုပ်ပွားတော်တစ်ဆူက ၀င်းထဲကို ၀င်ဝင်ချင်းမှာပဲ ဖူးတွေ့ရပါတယ်.. မှန်ကျောင်းဆောင်နဲ့အပြည့် မျက်လွှာချလို့ စံပယ်နေပုံက ပဲခူးက ရွှေသာလျောင်းကို သတိရစေပါတယ်..။ စင်္ကာပူရွှေကျောင်းနဲ့သိပ်မဝေးလှတာမို့ ကျွန်မတို့ကတော့ Taxi နဲ့ပဲသွားဖြစ်ကြပါတယ်။ အဲ Taxi စီးတယ်ဆိုလို့ ပိုက်ဆံပေါတယ်တော့ ထင်ပါနဲ့နော်..။ တခါမှမရောက်ဖူးတာမို့ မစီးမဖြစ် စီးရတာပါ။ နောက်မှသိရတာက အဲဒါက Serangoon Road ပေါ်က St.Mary Street ပေါ်မှာ တည်ရှိပါတယ်တဲ့...။ ကျောင်းဝင်းရဲ့အ၀မှာပဲ မှန်ကျောင်းဆောင်နဲ့ လျောင်းတော်မူ ရုပ်ပွားတော်က စံပယ်တော်မူနေပီး ဘေးမှာလည်း ကျောက်ဖြူရုပ်ပွားတော်တစ်ဆူ ရှိပါသေးတယ်။ အထဲဆက်ဝင်သွားရင် ဂြိုလ်တိုင်အပြည့်အစုံနဲ့ ပန်းကပ်။ ဆီမီးကပ်။ ရေလှူ လုပ်လို့ရတဲ့ ဘုရားဝင်းလေးလည်း ရှိပါသေးတယ်...။ ယတြာဆရာတွေ လုပ်ခိုင်းတဲ့ ဂြိုလ်တိုင်မှာ ရေလှူလို့လည်းရတာကို ကျွန်မတော့် တော်တော်ကို သဘောကျမိတယ်...။ မဟုတ်ရင် ဒီက ဘုန်းကြီးကျောင်းတွေက သိပ်မရှိကြဘူးလေ။ Eunos က ဘုရားမှာတော့ ရှိပေမဲ့ ကျွန်မ စိတ်ထင် သေးသလိုပါပဲ။ ကျောင်းဝင်းကကျယ်ကျယ်။ အရိပ်ရသစ်ပင်တွေ ဝေေ၀ဆာဆာနဲ့ အင်မတန် သပ္ပါယ်လှတာမို့ ကျွန်မသိသမျှလေးကို ဝေမျှလိုက်တာပါနော်.... တစ်စုံတစ်ရာ မှားယွင်းမှုများ ရှိခဲ့ရင်လည်း နားလည်ပေးကြနော်...
Wednesday, May 20, 2009
ကြည်ညိုစရာ လျောင်းတော်မူရုပ်ပွားတော်..

Subscribe to:
Post Comments (Atom)

အင်း.. မှတ်ထားပြီး သွားဖူးဦးမှပဲ.. ကျေးဇူး
ReplyDelete