Monday, January 11, 2010
ဒုတ်ခပေးတဲ့စိုးပြည့်
ဟဲ ဟဲ... ခေါင်းစဉ်ကိုကြည့်ပြီး လန့်မသွားကြဖို့ အရင်တောင်းပန်ပါတယ်နော်.... ခုတလော အချစ်ဆုံးဆီက စိုးပြည့် စိုးပြည့် နဲ့ကြားနေရတာ လူက တော်တော်ကို အမြင်ကတ်နေတယ်...။ မင်းသမီးနဲ့တောင် သ၀န်တိုရသလား။ နင်တော်တော်ကို အဖြစ်သည်းတယ်လို့ ပြောချင်လည်းပြောကြပါတော့..။ အရင်းစစ်ရင်တော့ သူများတွေ ပိုက်ဆံအကုန်အကျခံပြီး ရိုက်ထားရတဲ့ ဗီဒီယိုတွေကို အလကားတင်ပေးနေတဲ့ ၀က်ဘ်ဆိုဒ်တွေကိုပဲ အပြစ်တင်ချင်တော့တယ်...။ အသက်ကလည်း မငယ်တော့ပါဘူး။ မနူးမနပ် ဆယ်ကျော်သက်လည်းမဟုတ်တာတောင် သ၀န်တိုတဲ့စိတ်ကို ဘယ်လိုထိန်းရမယ် ခုထိ တကယ်ကို မသိသေးဘူး။ သ၀န်တိုတတ်တာသိတဲ့ အချစ်ဆုံးကလည်း စိုးပြည့်ဆိုတာ ၁၀ ခေါ်ရင် ကိုယ့်နာမည်က ၁ ခွန်းပါဖို့တောင် အနိုင်နိုင်ရယ်.. အဲတော့လည်း ကိုယ့်ကို လွန်တယ်လို့ မသတ်မှတ်ကြပါနဲ့နော်...။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူ့ကိုကြည့်သတဲ့။ ကြံကြံဖန်ဖန်။ ဘယ်မင်းသမီးကများ သူ့တယောက်တည်းကို ကြည့်မလည်း။ မသိတာလည်းမဟုတ် ..ပြောနေတာကို အသည်းယားတာလေ...။ အိပ်တော့မယ်ဆိုပီး ဖုန်းဆက်တာတောင် စိုးပြည့်နဲ့ချိန်းထားသတဲ့။ အိပ်မက်ထဲမှာ လာမတဲ့။ အနားမှာသာရှိနေရင် ဗိုက်ကြောပြတ်အောင်တောင် လိမ်ဆွဲမိမယ် ထင်ရဲ့။ အဟုတ် .. အဟုတ်.... ခုထိလည်း လူက မအိပ်နိုင်သေးဘူး။ မအိပ်မနေအသက်ရှည် ဆိုတဲ့အတိုင်း ကော်ဖီလေးသောက်တော့ အကြံကထွက်လာတယ်သိလား...။ ဗီစီဒီတင်ပေးတဲ့ ၀က်ဘ်ဆိုက်က အင်ဒမင်တွေကို စိုးပြည့်ကားတွေ မတင်ပါနဲ့လို့ သွားအော်ရမလိုဖြစ်နေဘီ...။ အဟုတ် ပြောပါတယ်....။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment