Monday, June 8, 2009

စိတ်ညစ်နေတယ်....


စိတ်ညစ်တယ်ကွယ်...။ တနင်္ဂနွေနေ့က (၁၀) တန်းတွေ အောင်စာရင်းထွက်တယ်။ တစ်ဦးတည်းသော ချစ်ညီမလေးနာမည်က အောင်စာရင်းမှာ မပါလာဘူးတဲ့...။ ဒီနှစ်က သူ့အတွက် ဒုတိယမြောက်နှစ်။ ဂုဏ်ထူးမပါရင်တောင် အောင်မှာပဲလို့ ထင်ထားတဲ့ ကျွန်မ အိမ်ကိုဖုန်းဆက်အပြီးမှာတော့ မအောင်ဘူးဆိုတာ လက်ခံလိုက်ရတော့တယ်...။


ဖုန်းကလည်း ဒီနေ့မှပဲ ခေါ်လို့မရ။ Call Failed ဆိုကတည်းက စိတ်ကတော့ တော်တော်ကို ထင့်နေပီ။ ဒါပေမဲ့လည်း အိမ်ကဖုန်းက ပျက်တတ်ပါလေလို့ စိတ်ဖြေပြီး ဆက်ကာမှ...။


(၃) ရက်နေ့ကမှ ချစ်ညီမလေးမွေးနေ့မို့ လက်ဆောင်တောင် ပို့ပေးလိုက်သေးတယ်..။ သူသိပ်လိုချင်နေတဲ့ ဝေါ့ကင်းရှုးလေး...။ သူငယ်ချင်းက (၂) ရက်နေ့အပြန်.. ။ ငါ့ညီမလေးမွေးနေ့မို့ (၃) ရက်နေ့အရောက် အိမ်ကို သွားပေးပေးနော်လို့ တခုတ်တရ မှာလိုက်တဲ့ ကျွန်မ....။ ခုတော့ ဖိနပ်ကို မီးပဲရှို့ပစ်ချင်တော့တယ်...။


တကယ်.. တကယ်.. စာမေးပွဲတစ်ခုပဲလုပ်စရာရှိတာတောင်မှပဲ... တော်တော်ကိုစိတ်လည်းကုန်တယ်။ စိတ်လည်းညစ်တယ်..။

အဲဒါနဲ့ဘာရယ်မဟုတ် ဘလော့ခ်တွေလျှောက်ဖတ်ရင်း မင်းယွန်းသစ်ရေးထားတဲ့" စာမေးပွဲကျတာဘာဖြစ်လည်း " ဆိုတဲ့ဟာတွေ့မှပဲ ရီနိုင်တော့တယ်...။


ဒါပေမဲ့ စိတ်ကတော့ .. တကယ် ညစ်နေတယ်ကွယ်..။



No comments:

Post a Comment